30.1.2024 - Tuesday of Week 4 in Ordinary Time
စတုတ္ထအပတ် သာမန်ကာလ အင်္ဂါနေ့
ယနေ့ သမ္မာကျမ်းစာ၏ရပ်တည်ချက်
Mark 5: 21-43 - ရှင်မာကု ၅း၂၁-၄၃
Gospel Reflection By Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ရောဂါ ကုသခြင်း နှစ်ရပ်1.၁၂နှစ်ပတ်လုံး သွေးသွန်နာစွဲသောအမျိုးသမီးကိုကုသခြင်း2.သေပြီ ဖြစ်သောဂျိုင်းရုစ် ၏သမီးအားပြန်ရှင်စေခြင်း1.သွေးသွန်နာစွဲခြင်းဆိုသည်မှာအမျိုးသမီးများ၌ ဖြစ်ပေါ်သော ရောဂါဆိုးကြီးတစ်မျိုးပင်ဖြစ်ပါသည်။ယနေ့သမ္မာတရားအရ ၁၂နှစ်ပတ်လုံး သွေးသွန်နာစွဲသောအမျိုးသမီးသည် ကုထုံးနည်းပေါင်းများစွာ အသုံးပြုကုသလေသော်လည်း သူမပိုင်ဆိုင်သမျှအရာအားလုံးသာ ကုန်ဆုံးသွာသည်ရောဂါမူကားပျောက်ကင်းသက်သာမှုမရခဲ့ပါ။စုထားသမျှဥစ္စာတွေလည်းပြောင်၊တင်းထားသမျှ စိတ်ဓါတ်တွေလည်းကျ၊ ရှိခဲ့သမျှမျှော်လင့်ချက်တွေလည်း ကုန်ခန်းခြောက်သွေ့နေချိန်-ခရစ်တော်အကြောင်းကြားသိရ၍ မနည်းအားယူကာလူအုပ်ကြားထဲမဝံ့မရဲတိုးကာဝှေ့ကာဖြင့်ကိုယ်တော့်အနားသို့ရောက်လေသော်ဝတ်ရုံတော်အနားလေးတို့ထိရုံမျှနှင့် သူမ၏အနာရောဂါလုံးဝဥဿုံပျောက်ကင်းသွားလေသည်။"ငါ့သမီးသင်၏ယုံကြည်ခြင်းသည်သင့်ကိုကုသလေပြီ"ဟူသောခရစ်တော်၏ကိုယ်ပိုင်ဂုဏ်ဒြပ်မဲ့စွာအားပေးမှုသည်သူမအားပို၍ပင် ယုံကြည်ခြင်းအားအင်နှင့်ပြည့်ဝစေလေသည်။2.ဂျိုင်းရုစ်၏အိမ်သို့ရောက်သောအခါ ၁၂ နှစ်အရွယ်သမီးငယ်သည် အသက်မဲ့စွာ လျောင်းစက်လျက် နေလေပြီ။သို့သော် ကိုယ်တော်သည် မိဘများအား အားမငယ်ရန်ဆိုပြီး သူတို့ကို သူငယ်မလျောင်းစက်ရာနေရာသို့ ခေါ်သွားလေ၏။ထိုနောက် သူငယ်မ၏လက်ကိုကိုင်လျှက်"တာလိသာကွမ်"အနက်ကား"သူငယ်မ ထလော"ဟုမြွက်ဆိုလေသော် သူငယ်မသည်ထလာလေ၏။ဤအဖြစ်အပျက်များအားလုံးတို့ကို ဂျိုင်းရုစ်မည်သို့မေ့လျော့နိုင်မည်နည်း။"ငါသည်သေမင်းအရိပ်၏ချိုင့်ဝှမ်းသို့ လျှောက်လှမ်းရသော်လည်းမည်သည့်အရာကိုမျှ မကြောက်ရွံ့ပါ။အကြောင်းမူကား ကိုယ်တော်သည်တောင်ဝှေးတော်ဖြင့်ငါ့အား ဖေးမတော်မူမည်"ဟူသော ဆာလံကျမ်းချက်သည်ကျွန်ုပ်အတွက်အလွန်ကြီးမားသောခွန်အားတစ်ခုပင်ဖြစ်လေတော့သည်။မိတ်ဆွေသည်လည်းထိုအတိုင်း ဖြစ်ပါစေကွယ်။