31.1.2024 – Wednesday of week 4 in Ordinary Time.
သာမန်ကာလ စတုတ္ထအပတ် ဗုဒ္ဓဟူးနေ့
Mark 6:1-6 - ရှင်မာကု ၆း၁-၆
Reflection by Rev. Msgr. Basilio Soe Lin Aung, Taungngu Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယနေ့သမ္မာကျမ်းစာ၏ရပ်တည်ချက်ယုံကြည်ခြင်းမရှိသောနေရာ၌ တန်းခိုးအာနုဘော်မရှိနိုင်ရာ။ယုံကြည်ခြင်းမရှိရခြင်း၏အကြောင်းရင်းများမှာ•ယုံကြည်သူအသိုင်းအဝိုင်းနှင့်ဝေးကွာနေခြင်း•သွန်သင်မှုများနှင့်ကင်းကွာနေခြင်း•ကိုယ်တိုင်လေ့လာမှုအားနည်းခြင်းနှင့်လေ့လာနိုင်ရန်လမ်းကြောင်းများပိတ်ဆို့နေခြင်း•စိမ်းကား၍ကြောက်ရွံ့မှုများလွှမ်းမိုးနေခြင်း•အသွေးအသားနီးစပ်မှနှင့်ရင်းနှီးမှုလွန်ကဲခြင်းတို့ပင်ဖြစ်ပါသည်။ရွာနားကမြက်ရွာနွားမစားဆိုဘိသကဲ့သို့ယနေ့သမ္မာကျမ်းစကားအရပ်နာဇရက်မြို့သူ/သားတို့သည်နာဇရက်မြို့သားခရစ်တော်ယေဇူးကိုလက်ခံယုံကြည်နိုင်ရန်အလွန်ခဲယင်းနေသည်ကိုတွေ့ရပါသည်။ပို၍ပင်ဆိုးရွားသောအချက်မှာခရစ်တော်သည်ကညာစင်မယ်တော်မာရီယား၏တစ်ဦးတည်းသောသားဖြစ်သည်ကိုယုံကြည်ရန်ငြင်းပယ်လိုက်ခြင်းပါပဲ။အစ္စရေးလူမျိုးတို့၏ဆွေမျိုးတော်စပ်ပုံအသေးစိတ်လေ့လာမှတ်သားပါက အထက်ပါအချက်များကိုပို၍ထင်ထင်ရှားရှားသိမြင်လာနိုင်မှာဖြစ်ပါသည်။ထိုယုံကြည်မှုအားကောင်းလာလေလေတန်ခိုးအာနုဘော်ပို၍ ပေါ်ထွက်လာလေလေဖြစ်ပေလိမ့်မှာမလွဲနိုင်ပါ။မိတ်ဆွေသင်၏ယုံကြည်ခြင်း၌ဘုရားသခင်၏တန်ခိုးတော်အစဉ်တွေ့မြင်နိုင်ပါစေကွယ်။