Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-01-30 07:57:21

2.2.2024 – Friday, The Presentation of the Lord. Feast
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊  ၂ ရက် သူငယ်တော်အား ကျောင်းတော်၌ အပ်နှံပူဇော်ပွဲ - သောကြာနေ့
မာလခိ ၃:၁-၄။ ဟေဘရေဦး ၂:၁၄-၁၈။ လုကာ ၂:၂၂-၄၀ - Luke 2:22-40Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR) 

ဝတ်ပြုရာကျမ်း ၁၂:၁-၈ မှာအမျိုးသမီးတစ်ဦးဟာမီးဖွားပြီးလို့ ရက်(၄၀)ပြည့်ရင်သန့်ရှင်းစင်ကြယ်စေဖို့ ဗိမ္မာန်တော်ကိုသွားပြီးအခါလည်အရွယ်သိုးတစ်ကောင်ကိုမီးရှို့ရာယဇ်၊ ချိုးလေးတစ်ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမယ်လို့ပြဌာန်းထားပါတယ်။ထွက်မြောက်ရာကျမ်း ၁၃:၁၄-၁၆ မှာတော့သားဦးတွေကို အီဂျစ်ပြည်မှာကျွန်ခံရာကနေကယ်နှုတ်ခဲ့တဲ့ ဘုရားသခင်က ပိုင်ဆိုင်တာဖြစ်တဲ့အတွက်ဂျူးလူမျိုး အိမ်ထောင်ရှင်တိုင်း မိမိတို့ရဲ့ သားဦးကို ဗိမ္မာန်တော်မှာယဇ်ပူဇော်ပြီး ပြန်လည်ရွေးယူရမယ်လို့ ဆိုထားပါတယ်။ဒါကြောင့် ဒီနေ့သံဇူဇယ်နဲ့ မယ်တော်မာရီယားတို့ကသူငယ်တော်လေးကို ဗိမ္မာန်တော်မှာလာရောက်ပူဇော်ကြတာဖြစ်ပါတယ်။အိမ်ထောင်မရှိတဲ့သူများ၊အတူနေသားသမီးမရှိတော့ဘဲပုဂ္ဂိုလ်များအတွက်လည်း တရားယူစရာဒီနေ့ကျမ်းစာတော်မှာ တွေ့ရပါတယ်။ဆီမေအုန်သူတော်မြတ်နဲ့ပရောဖက်အာနားတို့ဟာ အဲဒီလိုအတုယူစရာပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ဆီမေအုံဟာဖြောင့်မတ်သောသူ၊ဘုရားကိုကြောက်ရွံရိုသေသောသူ၊ အီဇရာအဲလ် လူမျိုးအတွက်ကယ်တင်မယ့်သူကိုစောင့်မျှော်နေတဲ့သူဖြစ်သလိုအာနားကလည်း နှစ်ပေါင်း (၆၀)လောက်အစာရှောင်ဆုတောင်းခြင်းနဲ့ဗိမ္မာန်တော်မှာ ဝေယျာဝစ္စပြုနေတဲ့မုဆိုးမတစ်ဦး ဖြစ်ပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုက“ကယ်တင်ရှင်ကိုမဖူးမျှော်ရဘဲသေခြင်းသို့ မရောက်ရ”ဆိုတဲ့ ဝိညာဉ်တော်ဘုရားရဲ့ ကတိတော်ကို ပြည့်ဝစေခဲ့ပါတယ်။ဒီကနေ့ဟာ ကတိသစ္စာသုံးပါးကို ခံယူပြီးနောင်ဘဝမှာစံစားရမယ့်သုခချမ်းသာကို ဒီဘဝ၊ ဒီလောကမှာသက်သေပြနေထိုင်နေကြတဲ့ သူတော်စဉ်များရဲ့ပွဲနေ့လည်းဖြစ်ပါတယ်။ ထွက်မြောက်ရာကျမ်းမှာတော့ သားဦးကိုဘုရားသခင်ပိုင်ဆိုင်တာမို့ ပြန်လည်ရွေးယူကြတာဖြစ်ပေမယ့်သူတော်စဉ်များကတော့ဖိလိပိ ၂:၇အတိုင်းမိမိကိုယ်ကိုပူဇော်ဆက်ကပ်ကြခြင်းဖြစ်ပါတယ်။ဘုရားသခင်ပိုင်ဆိုင်တဲ့ ကျွန်ုပ်တို့ရဲ့ဘဝကိုဘုရားသခင်ထံ ပြန်လည်ပူဇော်အပ်နှံကြပါစို့။

Daily Reflection