3.2.2024 - Saturday of week 4 in Ordinary time.
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၃ ရက်- သာမန်ကာလ စတုတ္ထပတ် - စနေနေ့
တ-ဓမ္မ ၃:၄-၁၃။ မာကု ၆:၃၀-၃၄Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
အီဂျစ်ပြည်က ကယ်ထုတ်လာခဲ့ရတဲ့လူခြောက်သိန်းလောက်နဲ့မနိုင်မနင်းဖြစ်နေတဲ့ မိုးဇယ်ကိုသူ့ယောက္ခထီးက ဆယ်အိမ်ခေါင်း၊ရာအိမ်မှူး၊ထောင်စုမှူးတွေခန့်ပြီးအုပ်ချုပ်ဖို့အကြံပေးခဲ့ပါတယ် (ထွက် ၁၈:၁၇-၂၃)။ မတောင်းဘဲ ရတဲ့အကြံဉာဏ်ပါ။ဟန္နဆိုတဲ့ အမျိုးသမီးကဗိမာန်တော်မှာ သားဆုပန်ခဲ့ပါတယ်(ပ-ဓမ္မ ၁:၉-၂၈)။သားဆမ်မြူအဲယ် ကိုရခဲ့ပါတယ်။နောင်တရတဲ့ရှင်ဘုရင် ဟေဇခိယကို အပြစ်ခွင့်လွှတ်မယ့်အကြောင်း ပရောဖက်ဟေရှာယက လာပြောပြတော့ ဘာနဲ့သက်သေပြမလဲလို့ မေးတဲ့အခါ နေကို ဆယ်ချက် နောက်ပြန်ဆုတ်ပြခဲ့ပါတယ် (စ-ဓမ္မ ၂၀:၈-၁၁၊ ဟေရှာယ ၃၈:၇-၈)။ဆီမေအုံသူတော်မြတ်ကသူတော်မြတ်ကို ချီပွေ့ခွင့်ရတဲ့အခါသေပျော်ပါပြီ လို့ဆိုခဲ့ပါတယ် (လုကာ ၂:၂၉-၃၂)။ငရဲကျခံနေရတဲ့သူဌေးကြီးက လာဇရုကိုစေလွှတ်ပေးဖို့ အာဗြဟံထံမှာအသနားခံခဲ့ပါတယ်(လုကာ ၁၆:၁၉-၃၁)။မရခဲ့ပါဘူး။ဂျေရီခိုမြို့ကမျက်မမြင်သူဖုန်းစားက မျက်စိအလင်းရချင်ပါတယ်လို့ သခင်ဘုရားထံ တောင်းခံခဲ့ပါတယ် (လုကာ ၁၈:၄၁)။ သူ့ရဲ့ယုံကြည်ခြင်းကသူ့ကိုကယ်တင်ခဲ့ပါတယ်။ဒီကနေ့ပထမကျမ်းမှာ ဆော်လမုန်မင်းကြီးကဉာဏ်ပညာကိုတောင်းဆိုခဲ့ပါတယ်။ဘုရားသခင်ကတောင် ချီးမွမ်းရတဲ့ ဆုပါပဲ။“လိုရာဆုတောင်းပါ”ဆိုရင် ကျွန်ုပ်တို့ဘာဆုတွေတောင်းကြမလဲ?သားရွှေအိုးထမ်းလာတာကိုမြင်ရမယ့်ဆုမျိုးတောင်းတတ်ဖို့လိုပါတယ်။