4.2.2024 - Sunday of week 5 in Ordinary time.
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၄ ရက်- သာမန်ကာလ ပဉ္စမတနင်္ဂနွေနေ့
Mark 1:29-39 - မာကု ၁:၂၉-၃၉
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ယောဘ ၇:၁-၄၊၆-၇။ ပ-ကော် ၉:၁၆-၁၉၊၂၂-၂၃။ Mark 1:29-39 - မာကု ၁:၂၉-၃၉ - ပထမကျမ်းမှာ ယောဘဆိုတဲ့သူက လူ့ဘဝအပေါ်သူ့ရဲ့အမြင်ကိုပြောပြပါတယ်‘မြေကြီးပေါ်မှာလူတွေ အသက်ရှင်နေရတာရုန်းကုန်တိုက်ခိုက်နေရတာပဲ၊ဒုက္ခဝေဒနာတွေနဲ့ကြုံရပြီးအကျိုးမဲ့အချည်းအနှီးဖြစ်တယ်၊နေ့ရက်တွေဟာ မျှော်လင့်ခြင်းလုံးဝမရှိဘဲကုန်ဆုံးသွားရတယ်’တဲ့။ဒုတိယကျမ်းကနေ သံပေါလူးရဲ့ဘဝအကြောင်း သိခွင့်ရပါတယ်။ပညာလည်းတတ်၊ အလုပ်အကိုင်လည်းရှိလျက်နဲ့ကိုယ့်ထမင်းကိုယ်စားပြီးလူမုန်းများအောင် တရာလိုက်ဟောနေတာသူပါပဲ။ဒီပုဂ္ဂိုလ်(၂)ဦး သူတို့ဘဝအပေါ်ထားရှိတဲ့အမြင်ချင်းမတူကြဘူး။ အဓိကအကြောင်းရင်းကတော့ သူတို့ဘဝမှာဘုရားသခင် ထိတွေ့ပါဝင်မှုရှိခြင်း၊မရှိခြင်းဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီအချက်ကို ဧဝံဂေလိကျမ်းစာမှာလည်းတွေ့ရပါတယ်။ ဘုရားသခင်နဲ့ ထိတွေ့ခံရသူဟာ ချက်ခြင်းပဲ သူတစ်ပါးကို ပြန်လည်ကူညီပေးတတ်ကြတယ်၊ ဥပမာ - တရားဇရပ်က ပြန်လာတဲ့ သခင်ဘုရား၊ ကုသခံလိုက်ရတဲ့ ပေတရုရဲ့ ယောက္ခမကြီး။ကျွန်ုပ်တို့ရော ဘုရားသခင်ရဲ့ ထိတွေ့မှုကိုခံစားကြရပြီလား?ဘာနဲ့သက်သေပြမလဲ?