5.2.2024 - Monday of week 5 in Ordinary time.
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၅ ရက်- သာမန်ကာလ ပဉ္စမပတ် - တနင်္လာနေ့
Mark 6:53-56 - မာကု ၆:၅၃-၅၆
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ဆေးပညာမထွန်းကားသေးတဲရှေးခေတ်ကာလမှာ ခံစားနေရတဲ့ရောဂါဝေဒနာ သက်သာပျောက်ကင်းဖို့ရာတန်ခိုးရှင်တွေကို အားကိုးကြတာလူ့သဘာဝပါပဲ။သခင်ဘုရားကလည်း တန်ခိုးလက္ခဏာအမျိုးမျိုးကိုတစ်ခုပြီးတစ်ခုပြတော်မူခဲ့တာကိုး။ယနေ့ခေတ်ဆေးပညာနဲ့ နည်းပညာတွေထွန်းကားလာတော့ တခြားအရာတွေကိုပဲအရင်အားကိုးတတ်ကြပြီးမရတဲ့အဆုံးမှဘုရားဖက်လှည့်လာတတ်ကြပါတယ်။ဥပမာ-လူတစ်ယောက်ထိခိုက်ဒါဏ်ရာရတဲ့အခါ‘ဆရာဝန်ပင့်ပေးပါ’လို့ အကူအညီတောင်းကြတယ်။ဆရာဝန်အပေါ်မှာမျှော်လင့်ချက်ထားကြတယ်၊ လူနာပြန်ကောင်းလာနိုင်သေးတယ်။ ဒီလိုမဟုတ်ဘဲ‘ဘုန်းကြီးပင့်ပေးပါ’ဆိုရင်တော့မျှော်လင့်ချက်မရှိတော့တဲ့သဘောပါပဲ။သခင်ဘုရားကိုမှတ်မိတဲ့သူတွေကလူနာတွေကိုကိုယ်တော့်ဆီခေါ်လာပေးကြတယ်တဲ့။ကျွန်ပ်တို့ကသခင်ဘုရားကို မှတ်မိသိရှိပြီး သူတစ်ပါးကိုသခင်ဘုရားဆီခေါ်လာပေးတဲ့သူလား?ဒါမှမဟုတ် ခေါ်လာပေးခြင်းခံရတဲ့လူမမာတွေလား?လူနာနဲ့သယ်လာပေးတဲ့သူတွေကိုလမ်းကနေဆီးကြိုပြီးတားမြစ်ပြီး ပြန်မောင်းထုတ်တဲ့သူတွေလား?ဘယ်လိုလူဖြစ်သင့်ပါသလဲ?ဘယ်လိုလူဖြစ်ချင်ပါသလဲ.