8.2.2024 - Thursday of week 5 in Ordinary time.
၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ၊ ၈ ရက်- သာမန်ကာလ ပဉ္စမပတ် - ကြာသပတေးနေ့
Mark 7: 24-30 - မာကု ၇:၂၄-၃၀
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)
တ-ဓမ္မ ၁၁:၄-၁၃။ မာကု ၇:၂၄-၃၀ရှန်ဆုံဟာ ခွန်အားရှင်ဖြစ်ပေမယ့်ဒေလိယရဲ့ မာယာကျော့ကွင်းမှာသက်ဆင်းခဲ့ရတယ်။နောင်တရပြီးတဲ့နောက် ရန်သူတွေကို သူ့အသက်နဲ့ရင်းပြီး လက်စားချေနိုင်ခဲ့တယ်(တရားသူကြီး ၁၆:၃၀)။ဒါဝိတ်ဟာအာဏာရှင်ဖြစ်ပေမယ့်‘သူ့မယားကိုလိုချင်လို့ သူ့လင်ကိုလှံနဲ့ထိုး’ခဲ့တယ်(ဒု-ဓမ္မ ၁၁)။ ရှင်ဘုရင်အဖြစ် နှစ်လေးဆယ်စိုးစံပြီး နတ်ရွာစံခဲ့တယ်(တ-ဓမ္မ ၂:၁၀-၁၁)။ဆော်လမုန်ဟာ ပညာရှင်ဖြစ်ပေမယ့် မိဖုရားတွေရဲ့ နတ်ဘုရားတွေကို လိုက်ပါကိုးကွယ်ပြီး ထာဝရဘုရားကိုစွန့်ပယ်ခဲ့တယ်(တ-ဓမ္မ ၁၁:၄-၁၀)။ သူလည်းရှင်ဘုရင်အဖြစ်နှစ်လေးဆယ်စိုးစံပြီး နတ်ရွာစံခဲ့တယ် (တ-ဓမ္မ ၁၁:၄၁-၄၃)။ကျွန်ုပ်တို့မှာ ခွန်အား၊အာဏာ၊ဉာဏ်ပညာဘာပဲရှိရှိ စိတ်မချရပါဘူး။လူဆိုတာမကောင်းမှုမှာသာယာတတ်ပါတယ်။‘အစကောင်းမှ အနှောင်းသေချာ’လို့ ဆိုရိုးစကားရှိပေမယ့် အစကောင်းတိုင်းအနှောင်းသေချာမယ်လို့ အာမမခံနိုင်ပါဘူး။နေ့စဉ်နေ့တိုင်း မသေမချင်း ကြိုးစားသွားကြရမှာပါ။