Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-07 23:24:26

9.2.2024 – Friday of week 5 in Ordinary Time.
၉ ရက်၊ ဖေဖဝါရီလ ၂၀၂၄၊ သာမန်ကာလ ပဉ္စမပတ် သောကြာနေ့
Mark 7:31-37 - ရှင်မာကု ၇:၃၁-၃၇
Reflection by Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)

တ-ဓမ္မ ၁၁:၂၉-၃၂၊ ၁၂:၁၉။ မာကု ၇:၃၁-၃၇ဆေးကြောခြင်းမင်္ဂလာပေးတဲ့ဝိနည်းထဲမှာဘုန်းတော်ကြီးက သူ့ရဲ့ညာဖက်လက်မနဲ့ကလေးငယ်ရဲ့ နှုတ်ခမ်းနဲ့နားနှစ်ဖက်ကိုတို့ထိပြီး ခုလိုရွတ်ပါတယ်‘နားပင်းသောသူတို့ကိုကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူသော ယေဇူးသခင်သည် သင့်အားနှုတ်ကပါဌ်တော်ကို နာယူ၍ ယုံကြည်ရာအချက်များကိုဝန်ခံစေတော်မူလျက် ခမည်းတော်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းနိုင်ရန် နှုတ်နှင့်နားတို့ကို ဖွင့်ပေးတော်မူပါစေ’။ ဒါကိုကြည့်ခြင်းအားဖြင့် ‘နား’ ကိုဖွင့်ပေးခြင်းဟာ‘နှုတ်ကပါဌ်တော်’ကို ကြားနာစေချင်လို့ဖြစ်ပါတယ်။ ဘုရားသခင်က တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်နဲ့နေရာမှာ ကျွန်ုပ်တို့ကိုဆက်သွယ်စကားပြောလေ့ရှိပါတယ် (တ-ဓမ္မ ၁၉:၁၃)။ပါးစပ်က အစာစားတဲ့အလုပ်ကိုလည်းလုပ်ပါတယ်။ ဒါပေမယ့်ဆွံ့အနေရင် အလကားပါပဲ။ နှုတ်ကိုဖွင့်ပေးတာက ‘ယုံကြည်ရာအချက်များကို ဝန်ခံဖို့’ နဲ့ ‘ဘုန်းဂုဏ်တော်ကို ချီးမွမ်းဖို့’ ဖြစ်ပါတယ်။‘သင်တို့၏စကားကို ကြားသောသူတို့သည်အကျိုးခံစားရစေခြင်းငှါ ကောင်းသောသဘောကိုဆောင်သည့်စကားကို ပြောဆိုကြလော့’(ဧဖက်၄:၂၉)။

Daily Reflection