Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-02-27 20:13:38

28.2.2024 -Wednesday of the 2nd week of Lent
၂၀၂၄ ခုနှစ်  ဖေဖေါ်ဝါရီလ၊  ၂၈ ရက်- ဝါတွင်းကာလ ဒုတိယသီတင်းပတ် - ဗုဒ္ဓဟူးနေ့
Matthew 20: 17-28 - ရှင်မာတေဦး ၂၀:၁၇-၂၈
Gospel Reflection By Rev. Msgr. Peter Sein Hlaing Oo, Mandalay Diocese
Posted by Sr. Benedetta Myat Hnin Nwe (ISR)            

ယေရမိ ၁၈:၁၈-၂၀။ ရှင်မာတေဦး ၂၀:၁၇-၂၈နေရာလိုချင်တဲ့ ယာကုပ်နဲ့ယောဟန်တို့က သခင်ဘုရားသောက်မယ့်ခွက်ကိုသူတို့လည်း သောက်နိုင်ပါတယ်လို့ကတိပေးကြတယ်။ ဒါပေမယ့် ဂျက်ဆီမာနေဥယျာဉ်မှာ သခင်ဘုရားဆုတောင်းနေတာကိုမစောင့်နိုင်ကြဘဲ အိပ်ပျော်သွားကြတယ်။ သခင်ဘုရားကို လာဖမ်းတော့ သူတို့ညီအစ်ကိုတွေ ထွက်ပြေးတိမ်းရှောင်ကြတယ်။ နောက်ပိုင်းမှာတော့ ယာကုပ်ဟာ တပည့်တော်ကြီးတွေထဲမှာ ပထမဆုံးသွေးမြေကျ အသက်ပေးရသူ ဖြစ်လာသလို ယောဟန်ကလည်း အသက်ရှည်ရှည်နေပြီး သခင်ဘုရားအကြောင်းကိုတခြားဧဝံဂေလိကျမ်းတွေထက်ပိုမိုပြည့်စုံအောင် ရေးသားထားခဲ့ပါတယ်။လူတစ်ယောက်ရဲ့ကြီးမြတ်ခြင်းဆိုတာ လူဘယ်လောက်များများကသူ့ကိုအစေခံနေရလဲဆိုတာထက် သူက လူဘယ်လောက်များများကို အစေခံနေလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ရုံးအများစုက မနက်တက်ပြီး ညနေဆင်းကြပေမယ်ဆေးရုံ၊ရဲစခန်း၊လျှပ်စစ် စတဲ့ဌာနတွေက(၈)နာရီသုံးဖွဲ့ခွဲပြီး(၂၄)နာရီ လည်ပတ်ကြရပါတယ်။ ထိုနည်းတူ ခရစ်ယာန်ဘဝသက်တာဟာလည်း(၂၄)နာရီ(၇)ရက်ကျင့်ကြံ ကျိုးစားနေကြရမှာဖြစ်ပါတယ်။

Daily Reflection