Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)  

ဤယနေ့ သခင်ခရစ်တော်က ကျွန်ုပ်တို့ကို ချီးမွမ်းခြင်းနောက်ကွယ်မှာ ရှုတ်ချခြင်းကအလိုလိုလိုက်ပါလာတတ်ကြောင်း ပြောပြထားတာတွေ့ရတယ်။ ပတ်ဝန်းကျင်နဲ့ ရှင်သန်နေထိုင်ကြရတဲ့ကျွန်ုပ်တို့တွေဟာအချိန်အခါနဲ့နေရာဒေသမရွေး ချီးမွမ်းခြင်းနဲ့အတူ ရှုတ်ချခြင်းတွေကိုလည်း နေ့စဉ်နဲ့အမျှ ကြားနာနေကြရမှာပဲဖြစ်တယ်။တစ်ပါးသူထံမှ ချီးမွမ်းခြင်းခံရတဲ့အခါ ချီးမွမ်းခြင်းနဲ့ အဆုံးသတ်မသွားပါဘူး။ ဒီမှာပဲသာယာယစ်မူးမနေရပါဘူး။ သခင်ခရစ်တော်နောက်လိုက်ဖြစ်တဲ့ကျွန်ုပ်တို့ကချီးမွမ်းစကားပဲ ကြားနာလို၍ မရပါဘူး။ ရှုတ်ချခြင်းတွေကို ကြိုဆိုရဲတဲ့သတ္တိလည်း ရှိကြရပါမယ်။ ကျွန်ုပ်တို့ရဲ့ ကယ်တင်ရှင်ခရစ်တော်ပင်လျှင် သူ့ဘဝတစ်လျှောက် အထူးသဖြင့် သာသနာပြုလုပ်ငန်းဆောင်ရွက်တဲ့အခါ ဒီလိုမျိုးတွေကြုံတွေ့ခဲ့ရတာကို သတိရခွန်အားယူကြစို့။ သခင်ခရစ်တော်နောက်ကို လိုက်ကြတဲ့ကျွန်ုပ်တို့တွေလည်း ချီးမွမ်းသံနဲ့ ရှုတ်ချသံတွေကို မလွဲဧကန်ကြုံကြရမည်သာဖြစ်သည်။ ပတ်ဝန်းကျင်ဟူသည် လုပ်ရင်လည်း အမျိုးမျိုးဝေဖန်ကြသည်။ မလုပ်ပဲနေရင်လည်း ပျင်းရိသောသူဟုပြောဆိုနေကြမည်သာဖြစ်သည်။ ထိုသို့ပြောဆိုနေကြ သောပုဂ္ဂိုလ်များကို ကျွန်ုပ်တို့ အာရုံစိုက်နေလျင်ဟောင်နေသောခွေးကို ကျောက်ခဲနှင့်ပစ်ပေါက်နေသူကဲ့သို့ သွားလိုရာပန်းတိုင်ကို နောက်ကျရောက်ရ ပါလိမ့်မည်။သို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ချီးမွမ်းသံ၊ ရှုတ်ချသံတွေကြားရလျင် ဘုရားပေးတာဝန်ကို စွမ်းစွမ်းတမံ ဆက်လက်ဆောင် ရွက်ကြစို့။ လူတွေချီးမွမ်းခံရဖို့ လုပ်ဆောင်နေခြင်းထက် ဘုရားမျက်နှာကိုထောက်ပြီး သေးငယ်တဲ့အရာ လေးများပင်ဖြစ်စေကာမူ ကြီးမားတဲ့မေတ္တာထားပြီး လုပ်ဆောင်ကြရအောင်။ ကျွန်ုပ်တို့သည် လက်ခုပ်သံတွေကြားမှာ ပြုံးပျော်နိုင်ကြသည်နည်းတူ လက်ညှိုးထိုးခံရတဲ့အချိန်တွေမှာလည်း ပြုံးမြဲပြုံးလျက်သာ ရှေ့ဆက်ကြပါစို့။ကျွန်ုပ်တို့သည်လည်း ဘုရားအမှုတော်ဆောင်ရွက်ကြရာ၌ မိမိရဲ့ဝိညာဉ်၊ ဘာသာတူများရဲ့ ဝိညာဉ်ကယ်တင်ခြင်းရရှိဖို့ရန် သခင်ခရစ်တော်မိန့်မှာတော်မူသည့် အတိုင်း ချီးမွမ်းသံကိုကျော်လွန်၍ ကယ်တင်ခြင်းလုပ်ငန်းသို့ သတိနဲ့ရှင်သန်ကာ ကြိုးစားဆောင်ရွက်သွားကြပါစို့။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)