Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2024-09-27 22:33:33

29.9.2024 – 26th Sunday in Ordinary Time
St.Michel, St.Gabriel and St. Raphael
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၄၊ ၂၆ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
Mark 9:38-43, 45,47-48- ရှင်မာကု ဧဝံဂေလိကျမ်း ၉း၃၈-၄၃,၄၅,၄၇-၄၈
Reflection by Sr. Jacinta Mai Ra (LWST)
Posted by Sr. Benedetta Myat Hnin Nwe(ISR)      

ဒီကနေ့ကျမ်းစာတော်မြတ်အားဖြင့် ကျွန်ုပ်တို့အားလုံးတစ်ဦးနဲ့တစ်ဦး ကျင့်ကြံနေထိုင်ပုံ၊ စိတ်ဓါတ်ခံယူချက်တွေမတူညီကြသော်လည်း ခရစ်တော်သခင်၌ အားလုံးဟာ အတူတူဖြစ်ကြောင်း သတိပေးနေပါတယ်။ နောက်ပြီး စိတ်ရင်းမှန်ဖြင့်ခရစ်တော်၏နာမတော်၌ ပြုလိုက်သည့် ကောင်းမှုကုသိုလ်များကြောင့်ဘုရားသခင်ထံမှ ကျေးဇူးတော်ပြန်ခံစားရမည့်အကြောင်း၊ ရေတစ်စက်လောက် ပေးကမ်းခြင်းပြုခဲ့ရင်တောင် ကျေးဇူးတော် ပြန်လည်ခံစားရမည့်အကြောင်းကြားနာရပါတယ်။ အပြစ်ဆိုတဲ့အရာ ဘယ်လောက်ထိကြောက်စရာကောင်းကြောင်း ဒီကနေ့ကျမ်းစာတော်မြတ်ကဖော်ပြနေပါတယ်။ သင်၏မျက်လုံးကသင်အား အပြစ်ပြုစေလျှင် ထိုမျက်လုံးကိုထုတ်ပစ်ပါ။ သင်၏လက်ကသင့်အားအပြစ်သို့ရောက်စေပါကထိုလက်ကို ဖြတ်ပစ်ပါ။ ကိုယ်အင်္ဂါမစုံပဲကောင်းကင်နိုင်ငံဝင်ခြင်းကအင်္ဂါစုံလင်ပြီး အပြစ်များသောဘဝမှာနေထိုင်ခြင်းထက်ပိုကောင်းတယ်လို့ ဆိုထားပါတယ်။အပြစ်ကိုရောက်စေတဲ့မိမိမျက်လုံးကိုထုတ်ပစ်ဖို့မိန့်တော်မူတာမဟုတ်သလို၊ မိမိလက်ကိုဖြစ်ပစ်ဖို့မိန့်ဆိုထားတာလည်းမဟုတ်ပါ။ မိမိကိုအပြစ်သို့ရောက်စေသည့် အကြောင်းအရာမှန်သမျှကိုရှောင်ကြဉ်ကြဖို့၊ အပြစ်သို့ရောက်စေမည့် အကြောင်းအရာမှန်သမျှကိုစိတ်နဲ့တောင်မနှစ်သက်၊ မကြံရွယ်မိစေဖို့ မိန့်တော်မူခြင်းဖြစ်ပါတယ်။ အကြောင်းမှာ လူသားများအားလုံးကို ကောင်းကင်နိုင်ငံသို့ရောက်စေချင်သော ဘုရား၏ချစ်ခြင်းပင်ဖြစ်ပါသည်။ထို့ကြောင့်အဖဘုရားရှင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ယေဇူးကိုဤလောကသို့စေလွှတ်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမအပေါင်းတို့ မိမိတို့ဘဝမှာဘုရားကို ပိုမိုချစ်မြတ်နိုးနိုင်ကြပြီးထိုအချစ်စိတ်ကြောင့် အပြစ်ဟူသမျှကို ရှောင်ကြဉ်နိုင်ကြပါစေ။

Daily Reflection
2024-09-27 00:34:16

28.9.2024 – 25th Saturday in Ordinary Time
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၄၊ ၂၅ကြိမ်မြောက်သာမန်ကာလ စနေနေ့
Luke 9:43-45- ရှင်လုကာ ဧဝံဂေလိကျမ်း ၉း၄၃-၄၅
Reflection by  Sr. Maria Aung (LWST)
Posted by Sr. Benedetta Myat Hnin New(ISR)